back

ကင်ဆာဆဲလ်များအတွင်း ထိုးနှံပေးရသည့် ကာကွယ်ဆေးတစ်မျိုးက လူနာများ၏ သက်တမ်းကို ဆန့်ထုတ်ပေးနိုင်

Apr 18 • 3:07 AM

breaking-news

Myanmar

Local

breaking-news
cover

ကင်ဆာဆဲလ်များအတွင်း ထိုးနှံပေးရသည့် ကာကွယ်ဆေးတစ်မျိုးက လူနာများ၏ သက်တမ်းကို ဆန့်ထုတ်ပေးနိုင်

ကင်ဆာဆဲလ်များအတွင်း တိုက်ရိုက်ထိုးနှံထည့်သွင်းပေးရသည့် ကာကွယ်ဆေးတစ်မျိုးသည် ကုသရန်ခက်ခဲသော ကင်ဆာရောဂါများ ခံစားနေရသူ လူနာများ၏ ဘဝသက်တမ်းကို ဆန့်ထုတ်ပေးနိုင်ဖွယ်...

ကင်ဆာဆဲလ်များအတွင်း တိုက်ရိုက်ထိုးနှံထည့်သွင်းပေးရသည့် ကာကွယ်ဆေးတစ်မျိုးသည် ကုသရန်ခက်ခဲသော ကင်ဆာရောဂါများ ခံစားနေရသူ လူနာများ၏ ဘဝသက်တမ်းကို ဆန့်ထုတ်ပေးနိုင်ဖွယ်ရှိတယ်လို့ တရုတ်သုတေသနပညာရှင်များက ပြောကြားထားပါတယ်။iVAC အမည်ရှိ အဆိုပါ ကင်ဆာရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ဖန်တီးထားခြင်းပြီး ကာကွယ်ဆေးဟာ ကင်ဆာဆဲလ်များကို ဖျက်ဆီးနိုင်သောကြောင့် လူ့ကျန်းမာရေးကို အကူအညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ပညာရှင်များဟာ ယင်းကာကွယ်ဆေးကို အသည်းကင်ဆာဖြစ်နေသည့် ကြွက်များဖြင့် လက်တွေ့စမ်းသပ်ခဲ့ရာ ပေါ်ထွက်လာသည့် ရလဒ်အရ အသည်းကင်ဆာဆဲလ်များကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် အဆိုပါ ကာကွယ်ဆေးကို လူသားများ၏ ကင်ဆာဆဲလ်များဖြင့် စမ်းသပ်ခဲ့ရာ၌လည်း အလားတူ ရလဒ်ရရှိသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။


news-view-count-icon

37