၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်နေသည့် မဟာသင်္ကြန်ပွဲတော်သို့ လာရောက်ရေကစားကြသူများနှင့် ဖျော်ဖြေရေးကြည့်ရှုသူ ပြည်သူများမှာ တစ်ခဲနက်များပြားလှသဖြင့် လူပင်လယ်ဝေနေသကဲ့သို့ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ သင်္ကြန်ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များနှင့် ပြည်သူ့ရင်ပြင်အတွင်းရှိ ဖျော်ဖြေရေးအစီအစဉ်များတွင် မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်သော်လည်းကောင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသည့် လူအုပ်ကြီးဖြင့် ပြည့်နှက်နေခြင်း ဖြစ်ပါသည်။
Apr 17 • 4:14 AM
Myanmar
Yangon
Share
| 28 | 0 | 0 | 0 |


