back

ရန်ကုန်မြို့တော်ခန်းမရှေ့လမ်းလျှောက်သင်္ကြန် လာရောက်သူများပြား

Apr 15 • 7:13 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တော်ခန်းမရှေ့လမ်းလျှောက်သင်္ကြန် လာရောက်သူများပြား

ရန်ကုန်မြို့တော်ခန်းမရှေ့က ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြတ်နေ့ဖြစ်တဲ့ ဧပြီ၁၅ရက်မှာလည်း မန...

ရန်ကုန်မြို့တော်ခန်းမရှေ့က ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြတ်နေ့ဖြစ်တဲ့ ဧပြီ၁၅ရက်မှာလည်း မနက်ပိုင်းကစပြီး လာရောက်လည်ပတ်သူများပြားနေတာကို တွေ့ရပါတယ်။မဟာဗန္ဓုလပန်းခြံလမ်းက လမ်းလျှောက်သင်္ကြန်မှာ ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုရှိပြီး အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ စည်ကားနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်မှာဆိုရင်လည်း နိုင်ငံကျော်အနုပညာရှင်တွေရဲ့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေမှုတွေ၊ ယိမ်းအကအဖွဲ့တွေရဲ့ သင်္ကြန်ယိမ်းကပြဖျော်ဖြေမှုတွေ၊ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ဝင်တွေရဲ့ ကပြဖျော်ဖြေမှုတွေကို လာရောက်ကြည့်ရှုပြီး ရေကစားသူတွေနဲ့ တိုးမပေါက်အောင် ရှိနေတာပါ။အခုနှစ်ရန်ကုန်သင်္ကြန်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့က ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် ခရိုင်နဲ့ မြို့နယ် ဗဟိုမဏ္ဍပ်တွေ၊ လမ်းလျှောက်သင်္ကြန်တွေအပြင် ရပ်ကွက်တွေထဲက မိသားစုအုန်းလက်မဏ္ဍပ်ငယ်တွေပါ အများအပြားရှိပြီး အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြတာဖြစ်ပါတယ်။


news-view-count-icon

20