ယမန်နေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ရေလည်ခန်းမှာ ကျင်းပနေတဲ့ အင်းလေးရေပေါ်သင်္ကြန် မြင်ကွင်းပဲဖြစ်ပါတယ်။ယခုနှစ် အင်းလေးရေပေါ်သင်္ကြန်ကို အင်းလေးဒေသက ရိုးရာယဥ်ကျေးမှုအလှအပတွေ ဖော်ထုတ်တဲ့ အနေနဲ့ အစီအစဥ်တွေများစွာထည့်သွင်းကျင်းပတယ်လို့လည်း သိရပါတယ်။အင်းလေးရေပေါ်သင်္ကြန်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တာ ဖြစ်ပြီး နောက်နှစ်မှာတော့ COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရပ်နားခဲ့ရကာ ၂၀၂၃ ခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ယမန်နှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် အင်းလေးဒေသမှာလည်း ထိခိုက်ပျက်စီးမှုအများဆုံးရှိခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ပြီးခဲ့တဲ့နှစ် သင်္ကြန်မှာ ကျင်းပနိုင်ခြင်း မရှိဘဲ ယခုနှစ်မှာတော့ စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနေတာပဲဖြစ်ပါတယ်။အင်းလေးဒေသရဲ့ ခရီးသွားလုပ်ငန်းမြင့်တင်ဖို့နဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဆွဲဆောင်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေ အားစိုက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။



