ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာတွင် ဧပြီလ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က အရက်မူးပြီး ကိုယ့်အိမ်ကိုယ်မီးရှို့ရာ အိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ မီးလောင်ပြာကျသွားသည့် နေအိမ်မှာ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာမှ ဦးကျော်လှ(၅၈ နှစ်)၏ နေအိမ်ဖြစ်ပြီး အိမ်ပိုင်ရှင် ဦးကျော်လှကိုယ်တိုင် မီးရှို့ပစ်ခြင်း ဖြစ်သည်။ ယမန်နေ့၊ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဦးကျော်လှသည်အရက် သေစာသောက်စားမူးယစ်ပြီး ကိုယ့်အိမ်ကို ကိုယ်မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။ အဆိုပါ မီးရှို့မှုကြောင့် နေအိမ်တစ်ခုလုံး မီး လောင်ပြာကျသွားခဲ့ပြီး လက်ရှိတွင် မီးရှို့ခဲ့သူ အိမ်ပိုင်ရှင် ဦးကျော်လှကို ဒီလပ်ဌာနမှ ရာဇသတ်ကြီး ပုဒ်မ - ၄၃၆အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မင်းပြားတွင် ကိုယ့်အိမ်ကိုယ်မီးရှို့၍ အိမ်တစ်လုံး မီးလောင် ပြာကျ
Apr 14 • 5:50 AM
Myanmar
Rakhine
Share
| 14 | 0 | 0 | 0 |


