ရှမ်းပြည််အရှေ့ပိုင်း၊ ကျိုင်းတုံမြိူ့တွင် ဂုံရှမ်းရိုးရာသင်္ကြန် မင်္ဂလာနန္ဒဘေရီ စည်တော်တင်ပွဲကို စောဝ်မဟာခနန်ပန်းခြံ၊ စောဝ်လုံကတ် နတ်နန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်း အခမ်းအနားကိုလွန်လေပြီးသော AD 1410 ခုနှစ်က ခေမာရဋ္ဌ်တိုင်းကို မင်းလုပ်အုပ်ချုပ်သည့် “ကျောက်မထု” မင်းကြီးလက်ထက်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် မြန်မာ့ရိုးရာသင်္ကြန်စာနှင့် ဂုံရှမ်းရိုးရာ သင်္ကြန်စာတို့ကို ပေါင်းစပ်ကာ သိကြားမင်းရုပ် ပြုလုပ်ရာတွင် အနည်းငယ်ကွာခြားပြီး ယခုနှစ်တွင် ပတ္တမြားအစား စိန်အဖြစ် အစားထိုးပြုလုပ်ထားသည်ဟု သိရသည်။ ယခုနှစ် ၂၀၂၆ ခု သင်္ကြန်အကျနေ့မှာ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့ ဖြစ်သည့်အတွက် ရိုးရာအယူအဆအရ သင်္ကြန်မင်းသည် ဂဠုန်ကို စီးဆင်းသည်ဟု ယူဆကြပြီး ညာဘက်လက်တွင် ပတ္တမြားကိုင်ဆောင်ကာ ဘယ်ဘက်လက်တွင် သံလျက်ကို ကိုင်ဆောင်လျက် မြောက်အရပ်မှ အရှေ့အရပ်သို့ ကြွကြောင်း ရိုးရာယုံကြည်မှုများတွင် ဖော်ပြထားသည်။
Apr 14 • 3:02 AM
Myanmar
Shan
Share
| 40 | 0 | 0 | 0 |


