back

မီဇိုရမ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ကျပ်သိန်း ၆၀၀ ကျော်နဲ့ မူးယစ်ဆေးများ ဖမ်းမိ

Apr 14 • 2:36 AM

breaking-news

Myanmar

Local

cover

မီဇိုရမ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ကျပ်သိန်း ၆၀၀ ကျော်နဲ့ မူးယစ်ဆေးများ ဖမ်းမိ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးထံကနေ ကျပ် သိန်း ၆၀၀ ကျော် နဲ့ မူးယစ်ဆေးများ ဧပြီလ ၁၀ ရက်နေ့မှာဖမ်းမိထားကြောင်းဒေသတွင်း ...

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးထံကနေ ကျပ် သိန်း ၆၀၀ ကျော် နဲ့ မူးယစ်ဆေးများ ဧပြီလ ၁၀ ရက်နေ့မှာဖမ်းမိထားကြောင်းဒေသတွင်း သတင်းများကဖော်ပြထားပါတယ်။ တရားမဝင်မြန်မာကျပ်ငွေနဲ့ မူးယစ်ဆေးများသယ်ဆောင်လာတယ်လို့ သတင်း ရရှိလို့ ရှာဟာခရိုင်၊ Zawngling လမ်းဆုံမှာ မြန်မာဘက်ကနေဝင်လာတဲ့ ၁၂၅ ဆိုင်ကယ်ကိုစစ်ဆေးခဲ့ရာ အခုလို ဖမ်းမိတာလို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံ အတွင်းကိုမြန်မာကျပ်ငွေများ အများအပြားသယ်ဆောင်လာခြင်းဟာ တရားမဝင်ဖြစ်တာ ကြောင့် မကြာခဏဖမ်းဆီးခံနေရပါတယ်။

news-view-count-icon

18