back

ရခိုင်တွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ခ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရ

Apr 13 • 4:04 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ခ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရ

ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ရာ၌ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ကုန်သည်များ ...

ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ရာ၌ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ကုန်သည်များ အရောင်းအဝယ် ရပ်နားထားခြင်းကြောင့် ငွေလည်ပတ်မှု နှေးကွေးလာပြီး ယခုကဲ့သို့ ငွေလွှဲ၊ KBZ Pay နှင့် Wave Money များမှတစ်ဆင့် ငွေထုတ်ရာ၌ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရခြင်းဖြစ်သည်။ ထိုကဲ့သို့ ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းများပြားစွာ ပေးချေနေရခြင်းကြောင့် Mobile Banking မှတစ်ဆင့် ငွေသားထုတ်ယူရသူများအနေဖြင့် အခက်အခဲများ တွေ့ကြုံလာရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ သင်္ကြန်ရက်ကာလများတွင်လည်း Kpay တစ်သိန်းလျှင် ထုတ်ခ ၂ဒဿမ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး မေလကုန်ခါနီးမှသာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း မြောက်ဦးမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

news-view-count-icon

29