မန္တလေးတိုင်း၊ပြင်ဦးလွင်မှာ လက်ထပ်ခါနီး အမျိုးသမီးတစ်ဦးဟာ ရည်းစားဟောင်းအမျိုးသားရဲ့ဓားနဲ့ထိုးတာခံရပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အခြေအနေတွေကို သိရှိတဲ့မြို့ခံက ပြောပါတယ်။ ဓားထိုးမှုဟာ ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းရပ်ကွက်မှာ မနေ့ ဧပြီလ ၁၁ ရက်ညပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဟာ လာမယ့်ရက်ပိုင်းမှာ လက်ထပ်ဖို့ ပြင်ဆင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။အမျိုးသမီးနဲ့ မိသားစုဝင်တွေ အိမ်မှာရှိနေတုန်း ရည်စားဟောင်းဖြစ်သူက စက်ဘီးနဲ့ရောက်လာပြီး အိမ်ရှေ့ကို ခေါ်တာကြောင့် အမျိုးသမီးက ထွက်သွားခဲ့ပြီးနောက် ဓားနဲ့ထိုးခံရတာလို့ မြို့ခံက ပြောပါတယ်။"မိန်းကလေး ဓားနဲ့ထိုးခံရလို့ အော်သံကြားတော့ အဖေရော၊ သတို့သားလောင်းက ဝင်ဆွဲတာကို သူတို့ကိုပါ ရန်ပြုတာ။ မိသားစုဝင်တွေကတော့ ဒဏ်ရာ မပြင်းဘူး၊ မိန်းကလေးကတော့ ဆေးရုံရောက်မှ ဆုံးတာ"လို့ အခြေအနေ သိရှိသူက ပြောပြပါတယ်။ဓားထိုးမှု ကျူးလွန်သူကို ဖမ်းမိပြီလို့တော့ မြို့ခံက ပြောပါတယ်။
Apr 12 • 9:28 AM
Myanmar
Mandalay
Share
| 32 | 0 | 0 | 0 |


