တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဧပြီလ ၁၁ရက်၌ ကလေးသင်္ကြန်အဖြစ် ရေစကစားနေကြပြီဖြစ်သည်။နေအိမ်များရှေ့တွင် ရေပီပါ၊ ရေခွက်များထား၍ ရေကစားသူများရှိသလို၊ အုန်းလက်ရေကစား မဏ္ဍပ်အချို့လည်း မြို့ပေါ်ရပ်ကွက်အချို့၌ တွေ့ရသည်။သုံးဘီးဆိုင်ကယ်များဖြင့် သင်္ကြန်လည်နေသူအချို့လည်း တွေ့ရသည်။ယခုနှစ် ကလေးသင်္ကြန်သည် ယမန်နှစ်များထက် ရေကစားသူ ပိုများလာကြောင်း မြို့ခံများက ပြောသည်။ ထားဝယ်ဒေသတွင် သင်္ကြန်ကာလမတိုင်မီ နှစ်ရက်အလို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကလေးများ ရေစကစားသည့် ဓလေ့ရှိပြီး ယင်းဓလေ့ကို ကလေးသင်္ကြန်ဟု ထားဝယ်ဒေသခံများက လက်ခံထိန်းသိမ်းလျက်ရှိကြသည် ။
| 24 | 0 | 0 | 0 |


