ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ လိန်းလီတံတားပေါ်တွင် (၄) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၄) သောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ (၄) ရက်နေ့၊ ညနေ (၅) နာရီဝန်းကျင်တွင် လိန်းလီတံတားပေါ်၌ လုံခြုံရေးအရ ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်စဉ် စီးနင်းလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ပေါ်မှ အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ -
ခွန်မောင်
ခွန်ထွန်းချစ်
ခွန်ငြိမ်းချမ်း
ခွန်နေဝင်းထွန်း တို့ ဖြစ်ကြသည်။
ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများသည် တစ်ပြားလျှင် ငွေကျပ် (၂၀၀၀) နှုန်းဖြင့် ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၈၀၀ ခန့် ရှိကြောင်း သိရပြီး၊ ဖမ်းဆီးခံရသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။



