back

BTS အဖွဲ့၏ Arirang ကမ္ဘာလှည့်ဖျော်ဖြေပွဲ တောင်ကိုရီးယား၌ စတင်

Apr 10 • 3:08 PM

breaking-news

South Korea

Local News

cover

BTS အဖွဲ့၏ Arirang ကမ္ဘာလှည့်ဖျော်ဖြေပွဲ တောင်ကိုရီးယား၌ စတင်

တောင်ကိုရီးယားနိုင်ငံရဲ့ ဂိုယန် အားကစားကွင်းကြီးမှာ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ BTS ရဲ့ တကျော့ပြန် တင်ဆက်မှုတွေနဲ့အတူ ဧပြီ ၉ ရက်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို စ...

တောင်ကိုရီးယားနိုင်ငံရဲ့ ဂိုယန် အားကစားကွင်းကြီးမှာ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ BTS ရဲ့ တကျော့ပြန် တင်ဆက်မှုတွေနဲ့အတူ ဧပြီ ၉ ရက်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို စတင်လိုက်ပါတယ်။ အဲဒီနောက် BTS ဟာ ဂိုယန်မှာတင် ၂ ညတိတိ ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်ပြီး ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့အတွင်း ပရိသတ် အယောက် ၄၀,၀၀၀ စီ တက်ရောက် အားပေးကြဖို့ ရှိနေပါတယ်။ အဲဒီ ပထမဆုံးဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်ရှုနိုင်ဖို့အတွက် ပရိသတ် ၄ သန်းကျော်ဟာ အခကြေးငွေ ပေးချေခဲ့တဲ့အလျောက် ဒေါ်လာ ၁၆၈ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ ဒါကြောင့် Arirang လို့ အမည်ပေးထားတဲ့ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲကို သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ဖျော်ဖြေပွဲတွေထဲက တခုဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေအနေနဲ့ ခန့်မှန်းထားပါတယ်။






news-view-count-icon

3