back

ဂျပန်နိုင်ငံ၊ အီဘာရာကိစီရင်စုမှာ ဇနီးမောင်နှံတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ အခမဲ့လုပ်ပေးမည်

Apr 10 • 3:07 PM

breaking-news

Japan

Local News

cover

ဂျပန်နိုင်ငံ၊ အီဘာရာကိစီရင်စုမှာ ဇနီးမောင်နှံတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ အခမဲ့လုပ်ပေးမည်

ဂျပန်နိုင်ငံ၊ အီဘာရာကိ (Ibaraki) စီရင်စုမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာကို ဖြေရှင်းဖို့အတွက် အစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပါတယ်။ နောင်တစ်ချိန်မှာ ကလေးယူဖို့ ဆန...

ဂျပန်နိုင်ငံ၊ အီဘာရာကိ (Ibaraki) စီရင်စုမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာကို ဖြေရှင်းဖို့အတွက် အစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပါတယ်။ နောင်တစ်ချိန်မှာ ကလေးယူဖို့ ဆန္ဒရှိကြတဲ့ ဇနီးမောင်နှံတွေကို သူတို့ရဲ့ ကျန်းမာရေး အခြေအနေကို ကြိုတင်စစ်ဆေးပေးမယ့် "Pre-conception care" အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် ကိုယ်ဝန်မဆောင်ခင် ကျန်းမာရေး ဂရုစိုက်မှုအကြောင်း ဗဟုသုတတွေ ရစေပြီး လိုအပ်ရင် သားသမီးရဖို့ ကုသမှုတွေကို စောစောစီးစီး လုပ်ဆောင်နိုင်အောင် ရည်ရွယ်ထားတာပါ။ ဒီအစီအစဉ်မှာ ပါဝင်နိုင်တဲ့သူတွေကတော့ အီဘာရာကိ စီရင်စုမှာ နေထိုင်ပြီး လက်ထပ်ထားတာ ၂ နှစ်ထက် မကျော်သေးတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါသည်။




news-view-count-icon

3