back

ဧရာ၀တီတိုင်းအတွင်း၊ ဘဏ်များ မီးမမှန်လို့ ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် လုပ်ငန်း မလည်ပတ်နိုင်ဖြစ်နေ

Apr 10 • 7:05 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာ၀တီတိုင်းအတွင်း၊ ဘဏ်များ မီးမမှန်လို့ ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် လုပ်ငန်း မလည်ပတ်နိုင်ဖြစ်နေ

ဧရာ၀တီတိုင်းအတွင်းက ဘဏ်တွေဟာ လျှပ်စစ်မီး မမှန်သလို စက်သုံးဆီလည်း ဝယ်မရတာကြောင့် ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် ဘဏ်လုပ်ငန်းတွေ အချိန်ပြည့် လည်ပတ်နိုင်ခြင်းမရှ...

ဧရာ၀တီတိုင်းအတွင်းက ဘဏ်တွေဟာ လျှပ်စစ်မီး မမှန်သလို စက်သုံးဆီလည်း ဝယ်မရတာကြောင့် ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် ဘဏ်လုပ်ငန်းတွေ အချိန်ပြည့် လည်ပတ်နိုင်ခြင်းမရှိဘဲ ငွေအလွှဲ၊ အထုတ်လုပ်သူတွေလည်း အခက်တွေ့နေကြရပါတယ်။ပုသိမ်နဲ့ အခြားမြို့တွေမှာရှိတဲ့ ကမ္ဘောဇဘဏ်အပါအဝင် အခြားဘဏ်တွေအားလုံးမှာလည်း အဲဒီလို လျှပ်စစ်မီးရ ချိန်မှာသာ ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပြီး ကျန်အချိန်တွေ မရဘူးလို့ ဒေသခံတွေက ဆိုပါ တယ်။လက်ရှိမှာ ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်တော့တာကြောင့် ငွေလွှဲ၊ ငွေထုတ်လုပ်လိုသူတွေဟာ အပြင်က ငွေ လွှဲ၊ ငွေထုတ်အေးဂျင့်တွေဆီမှာသာ အလွှဲ၊ အထုတ်လုပ်နေကြရတယ်လို့လည်း ပြောကြပါတယ်။ “မနေ့က ဘဏ် ကိုသွားတာ မီးပျက်နေတော့ ငွေလွှဲလို့မရဘူး။ အပြင်ဆိုင်ကပဲ လွှဲရတယ်။ စရိတ်စက များတယ်” လို့ ဟင်္သာတ ဒေသခံတဦးက ပြောပါတယ်။

news-view-count-icon

18