back

ကမ္ဘောဒီးယားနယ်စပ်မှ တရားမဝင် ပြန်ဝင်လာသည့် ထိုင်းနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရ

Apr 10 • 6:50 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားနယ်စပ်မှ တရားမဝင် ပြန်ဝင်လာသည့် ထိုင်းနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရ

ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်ရှိ ကောလ်စင်တာဂိုဏ်းများအတွက် ဘဏ်အကောင့်တုများ ဖွင့်ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၁၄ ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပြန်လည်ဝ...

ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်ရှိ ကောလ်စင်တာဂိုဏ်းများအတွက် ဘဏ်အကောင့်တုများ ဖွင့်ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၁၄ ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ဆာကေအိုခရိုင်၊ အာရန်ရာပရာသက် အထူးတပ်ဖွဲ့သည် ဧပြီလ ၉ ရက်နေ့တွင် နယ်စပ်အနီး ခြေလျင်လျှောက်လာသည့် အဆိုပါ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၆ ဦးတို့ကို စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အွန်လိုင်းမှ ဘဏ်အကောင့်ငှားရမ်းခ ဈေးကောင်းပေးမည်ဟူသော ကြော်ငြာကြောင့် ပွိုင်ပက်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ထိုနေရာတွင် မျက်နှာစကင်ဖတ်ခြင်း (Face Scan) များ အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် ၎င်းတို့အား ကမ္ဘောဒီးယားနိုင်ငံသားများက နယ်စပ်သို့ တရားမဝင် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ၎င်းတို့ ၁၄ ဦးအား ဥပဒေအရ အရေးယူနိုင်ရန် ခလောင်လုရဲစခန်းသို့ ပို့ဆောင်ထားကြောင်း  သိရှိရပါသည်။

news-view-count-icon

8