၂၀၂၆ ခုနှစ် မဟာသင်္ကြန် ပွဲတော်ကာလအတွင်း မင်္ဂလာမန္တလေးမိသားစုက ကြီးမှူးကျင်းပမဲ့ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ အကြိုနေ့ကစတင်ကာ တစ်ရက်ကို လူဦးရေ ၂၀၀၀ ကျော် စတုဒိသာကျွေးမွေး သွားမယ်လို့ သိရပါတယ်။မန်းသင်္ကြန်ပွဲတော်မှာ စတုဒိသာကျွေးမွေးတာအပြင် နိုင်ငံကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်မှာဖြစ်ပြီး ရေကစားဖို့အတွက် Solar စနစ်နဲ့ လျှပ်စစ်မီးကို တွဲဖက်အသုံးပြုပေးသွားမယ်လို့ Mandalay Management Corporation မန်နေဂျင်းဒါရိုက်တာ ဦးစိုးနိုင်က ပြောပါတယ်။လာရောက်ရေကစားကြမဲ့ ပြည်သူတွေ စိတ်ချလုံခြုံမှုရှိစေဖို့အတွက် CCTV ကင်မရာ ၅၄ လုံး တပ်ဆင်ထားရှိပြီး လုံခြုံရေးအင်အားကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ထားပါတယ်။ အရက်နှစ်က မကျင်းပဖြစ်ခဲ့တဲ့အတွက် အခုနှစ်မှာ ပိုမိုစည်ကားအောင် စီစဉ်ထားပြီး ပြည်သူတွေအနေနဲ့ မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်ကို လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားပါတယ်။
Apr 10 • 6:38 AM
Myanmar
Mandalay
Share
| 22 | 0 | 0 | 0 |


