back

မန္တလေး၌ သင်္ကြန်ကာလနီးကပ်လာသော်လည်း အတာအိုးရောင်းချသူနည်းပါးနေသလို ဈေးနှုန်းများသိသာစွာ မြင့်တက်လာ

Apr 10 • 4:32 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ သင်္ကြန်ကာလနီးကပ်လာသော်လည်း အတာအိုးရောင်းချသူနည်းပါးနေသလို ဈေးနှုန်းများသိသာစွာ မြင့်တက်လာ

သင်္ကြန်ကာလနီးကပ်လာသော်လည်း အတာအိုးရောင်းချမှုများနည်းပါးလျက်ရှိပြီး ဈေးနှုန်းများမှာလည်း ယမန်နှစ်များကထက် သိသိသာသာမြင့်တက်လာခဲ့ကြောင်း မန္တလေးဒေသခံများထံမှ သိရ...

သင်္ကြန်ကာလနီးကပ်လာသော်လည်း အတာအိုးရောင်းချမှုများနည်းပါးလျက်ရှိပြီး ဈေးနှုန်းများမှာလည်း ယမန်နှစ်များကထက် သိသိသာသာမြင့်တက်လာခဲ့ကြောင်း မန္တလေးဒေသခံများထံမှ သိရသည်။အိုးလုပ်ငန်းလုပ်ကိုင်ရာဒေသများတွင် နယ်မြေအခြေအနေတည်ငြိမ်မှုမရှိခြင်းနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲမှုများကြောင့် ဈေးကွက်အတွင်းအတာအိုးဝင်ရောက်မှုနည်းပါးနေသည့်အတွက် ရောင်းချမှုလည်းနည်းပါးရခြင်းဖြစ်သည်။မြန်မာ့ရိုးရာယဥ်ကျေးမှုဓလေ့တစ်ခုဖြစ်သော အတာအိုးဖြင့် သင်္ကြန်ကြိုဆိုမှုများပြုလုပ်ရန်အတွက် မြေဖြင့်ပြုလုပ်ထားသော အတာအိုးများကို ပြုလုပ်ရောင်းချလေ့ရှိခြင်းဖြစ်သည်။အတာအိုးများမှာ ၂၀၂၁ ခုနှစ်မတိုင်မီက တစ်လုံးကို ၄၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ပြီး နောက်ပိုင်းတွင် ဈေးနှုန်းများမြင့်တက် လာခဲ့ကာ ယမန်နှစ်က ၁,၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း ဒေသခံများက ဆိုသည်။

news-view-count-icon

61