back

အမှတ်လျှော့ပြစ်ဒဏ်အယူခံ ရှုံးနိမ့်ခဲ့လို့ လက်စတာအသင်း League One ရောက်ဖွယ်ရှိ

Apr 10 • 3:00 AM

breaking-news

Myanmar

International

cover

အမှတ်လျှော့ပြစ်ဒဏ်အယူခံ ရှုံးနိမ့်ခဲ့လို့ လက်စတာအသင်း League One ရောက်ဖွယ်ရှိ

လက်စတာအသင်းက ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့မညီညွတ်လို့ ချမှတ်ခံထားရတဲ့ (၆)မှတ်လျှော့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့လို့ လိဂ်ချန်ပီယံရှစ်ကနေLeague One ကိုရောက...

လက်စတာအသင်းက ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့မညီညွတ်လို့ ချမှတ်ခံထားရတဲ့ (၆)မှတ်လျှော့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့လို့ လိဂ်ချန်ပီယံရှစ်ကနေLeague One ကိုရောက်ဖွယ်ရှိနေပါတယ်။လက်စတာအသင်းက လက်ရှိရာသီ လိဂ်ချန်ပီယံရှစ်ပွဲး(၅)ပွဲသာကစားဖို့သာ ကျန်ေတာ့ချိန်မှာ တန်းဆင်းဇုန်အတွင်း ရပ်တည်နေပါတယ်။ အခု ရမှတ်လျှော့ပြစ်ဒဏ် အယူခံဝင်တာရှုံးနိမ့်လို့ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲကနေ League One ကို တန်းမဆင်းရအောင် လက်ကျန်ပွဲစဉ်တွေမှာ လက်စတာအသင်း ပိုမိုရုန်းကန်ရတော့မှာဖြစ်ပါတယ်။ လက်စတာအသင်းဟာ ၂၀၂၁-၂၂ ရာသီကနေ ၂၀၂၃-၂၄ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်းနဲ့ မညီညွတ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက (၆)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်က ထိပ်တန်းအသင်းတွေကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ လက်စတာအသင်းဟာ အခုအချိန်မှာ အဆိုးဆုံးအခြေအနေရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

news-view-count-icon

24