ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာက ဖီအိုရင်တီးနားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖို့ အလားအလာတော်တော်ကောင်းသွားခဲ့ပါတယ်။ဒါကြောင့် ဂလက်စ်နာက ထူးခြားတဲ့ ခံစားမှုကို ခံစားရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ အိမ်ရှင်အသင်း(၄)သင်းစလုံး အနိုင်ရရှိခဲ့ပြီး ရှက်တာဒိုးနက်က အယ်လ်ခမာကို (၃-၀)ဂိုး၊ ဗယ်လက်ကာနိုက အေသင်ကို (၃-၀)ဂိုး၊ မိန့်ဇ်က စထရာဘိုးကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။



