မန္တလေးတိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီး မြန်မာ့ရိုးရာမပျက်လမ်းလျှောက်သင်္ကြန်နှင့်အတူ စတုဒီသာအစီစဥ်များဖြင့် ကျင်းပဆင်နွှဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။MRCCIကပြုလုပ်မည့် သင်္ကြန်မဏ္ဍပ်တွင် Main Sponcerအဖြစ် 5BBအပါအ၀င် ရှမ်းရွှေတောင်လက်ဖက်မှ လက်ဖက်စတုဒီသာကျွေးမွေးခြင်း၊ ရွှေရည်၀န်း စိန်ရွှေဆိုင်ရတနာဆိုင်မှ ရွှေကလစ်ကံစမ်းမဲများ ကျဲခြင်းစသည့်တို့အပြင် အခြားစပွန်ဆာကုမ္ပဏီများမှ ၎င်းတို့ထုတ်ကုန်များကို လက်ဆောင်အဖြစ်ပေးဝေခြင်းများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။MRCCIမဏ္ဍပ်ကို ကျုံးအရှေ့ဘက် ၆၆လမ်း၊ ၂၂လမ်နှင့်၂၃လမ်းကြားတွင်တည်ရှိကာ ဖျော်ဖြေရေးအစီအစဥ်များအဖြစ် ယဥ်ကျေးမှုတက္ကသိုလ်မှ ယိမ်းအဖွဲ့အများ၊ အဆိုတော် နီနီခင်ဇော်နှင့်အခြားအနုပညာရှင်များမှလည်း သီဆိုသွားမည်ဟု သိရသည်။
မန္တလေးတိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းပူးပေါင်းပြီး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်နှင့်အတူ စတုဒီသာအစီစဥ်များဖြင့် ကျင်းပဆင်နွှဲမည်
Apr 10 • 1:17 AM
Myanmar
Mandalay
Share
| 28 | 0 | 0 | 0 |


