တောင်ငူမြို့ ၊ ရန်ကုန် - မန္တလေးလမ်းဟောင်း ထီးနီကုန်း မီးပွိုင့်တွင် ဒီကနေ့ ဧပြီ ၉ ရက် ၊ မွန်းလွဲ ၁ နာရီ ကျော်အချိန်က ယာဥ်တိုက်မှု တခု ဖြစ်သွားခဲ့ကြောင်း သိရသည်။ယင်းသို့ တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနှင်းသူ အမျိုးသားသည် တွဲကားအောက်သို့ ရောက်ရှိ သွားရာ ကြိတ်မိပြီး သုံးပိုင်း ပိုင်းသွားခဲ့ပြီး အတူလာ အမျိုးသမီတဦးမှာ အပြင်းအထန် ဒဏ်ရာများရရှိသွားခဲ့ကြောင်းသိရသည်။ကားကြိတ်၍ သုံးပိုင်း ပိုင်းသွားသော BD အား နန်းတော်ဦး လူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးပြီး ၊ ထိခိုက်ဒဏ်ရာရရှိသွားသော အမျိုးသမီးအား ကရုဏာရင်ခွင် လူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



