back

ဧရာဝတီတိုင်း၊ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် နွေစပါးစိုက်ပျိုးဧက ၃ သောင်း ၇ ထောင် နီးပါး မရိတ်သေးနိုင်ဖြစ်နေ

Apr 09 • 7:06 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် နွေစပါးစိုက်ပျိုးဧက ၃ သောင်း ၇ ထောင် နီးပါး မရိတ်သေးနိုင်ဖြစ်နေ

၂၀၂၅ - ၂၀၂၆ ခုနှစ် နွေစပါးရာသီမှာ ဓနုဖြူမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးဧက ၃ သောင်း ၇ ထောင် နီးပါးရှိခဲ့ပြီး လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် ဧက ၁ သောင်းဝန်းက...

၂၀၂၅ - ၂၀၂၆ ခုနှစ် နွေစပါးရာသီမှာ ဓနုဖြူမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးဧက ၃ သောင်း ၇ ထောင် နီးပါးရှိခဲ့ပြီး လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် ဧက ၁ သောင်းဝန်းကျင်လောက်ဟာ စပါးအောင်ရေသွင်းဖို့နဲ့ ရိတ်သိမ်းချွေလှေ့ဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးမှာ အသုံးပြုဖို့ လိုအပ်တဲ့ စက်သုံးဆီကို ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေကနေ ထောက်ခံချက်တွေယူပြီး ဆီဝယ်ယူရမယ်ဆိုပေမယ့် အမှန်တကယ် လက်တွေ့မှာတော့ ဝယ်လို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိ ကျန်နေသေးတဲ့ လယ်တွေမှာ အများအားဖြင့် ပြည်ပပို့တဲ့ စပါးအမျိုးအစားတွေ စိုက်ပျိုးကြပြီး ပြည်တွင်းမှာ စားသုံးတဲ့ အမျိုးအစားတွေ စိုက်ပျိုးထားကြသူတွေလည်း ရှိနေပါတယ်။

news-view-count-icon

20