ကယားပြည်နယ်၊လွိုင်ကော်မြို့အတွင်း သင်္ကြန်မတိုင်မီ မော်တော်ယာဉ်စစ်ဆေးမှု တင်းကြပ်လာ

Apr 09 • 3:49 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊လွိုင်ကော်မြို့အတွင်း သင်္ကြန်မတိုင်မီ မော်တော်ယာဉ်စစ်ဆေးမှု တင်းကြပ်လာ

ကယားပြည်နယ်၊လွိုင်ကော်မြို့အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစလို့ ယနေ့အထိမော်တော်ယာဉ်တွေကို နေ့စဉ် စစ်ဆေးအရေးယူမှုတွေ တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။လွို...

ကယားပြည်နယ်၊လွိုင်ကော်မြို့အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစလို့ ယနေ့အထိမော်တော်ယာဉ်တွေကို နေ့စဉ် စစ်ဆေးအရေးယူမှုတွေ တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။လွိုင်ကော်မြို့မှာ သင်္ကြန်ကာလ စျေးဝယ်သူနဲ့ ယာဉ်အသွားအလာ များပြားနေချိန်မှာ စစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် အခက်တွေ့တယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။“အခါကြီးရက်ကြီးဆိုတော့ စျေးလာတဲ့သူတွေ များတယ်။ အဲ့လိုအချိန်မှာ နေ့တိုင်းလို ဖမ်းနေတာကြောင့် အဆင်မပြေတော့ဘူး” လို့ အဆိုပါ အမျိုးသမီးတဦးက ပြောပါတယ်။လက်ရှိ စစ်ဆေးမှုတွေမှာ ယာဉ်လိုင်စင် ၊ ယာဉ်နံပါတ်ပြား ပြည့်စုံမှု၊ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်၊နောက်ကြည့်မှန် စတာကို စစ်ဆေးလျက်ရှိပြီး စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေ ၃၀,၀၀၀ ကျပ်ခန့် ကောက်ခံလျက်ရှိတယ်လို့ ဆိုပါတယ်။

news-view-count-icon

12