back

ပြည်တွင်း စက်မှုဇုန်များတွင် လျှပ်စစ်မီတာခ တက်လာသဖြင့် ထုတ်ကုန်ဈေး မြှင့်တက်

Apr 09 • 3:29 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း စက်မှုဇုန်များတွင် လျှပ်စစ်မီတာခ တက်လာသဖြင့် ထုတ်ကုန်ဈေး မြှင့်တက်

မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားကို တိုးမြှင့် လိုက်တာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ပိုများလာနေပြီး ကုန်ပစ္စည်းတွေလည်း...

မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားကို တိုးမြှင့် လိုက်တာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ပိုများလာနေပြီး ကုန်ပစ္စည်းတွေလည်း ဈေးနှုန်း တွေ တက်ကုန်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ မီးမပြတ်ဘဲ သီးခြားတိုက်ရိုက်လိုင်းနဲ့ ရယူထားတဲ့ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်တွေနဲ့ စက်မှု၊ စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်ဓာတ်အားခနှုန်းထားကို တယူနစ် ကျပ် ၅၀၀ နှုန်းကနေ ကျပ် ၉၀၀ နှုန်းနဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင် ပြောင်းလဲ ကောက်ယူ နေတာဖြစ်ပါတယ်။အခုလို ကုန်ကျစရိတ်ကြီးတာကြောင့် လုပ်ငန်းရှင်တွေက သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအပေါ် ဈေးတင်ယူမှာဖြစ်လို့ စားသုံးသူတွေကပဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရမှာလို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

news-view-count-icon

35