ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ၊ ရွှေတောင်ရပ်ကွက် နယ်မြေ ၁၁ တွင် ယမန်နေ့ည ဖုန်းဆိုင်မှ စ၍ မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၂ လုံး လောင် ကျွမ်းသွားပြီဟု ရပ်ကွက်နေ ပြည်သူထံမှ သိရသည်။ဧပြီလ ၈ ရက် ၊ ညပိုင်း ၁၀ နာရီ မထိုးခင် ၁၀ မိနစ် အလိုတွင် မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး နာရီဝက် ကျော် ကြာသည်အထိ ဆက်လက် ငြိမ်းသတ်နေဆဲ ဖြစ်ကြောင်း ကြား သိရသည်။"စိန်ပန်း ရပ်ကွက်ရုံးရဲ့ အနောက်ဘက်က ရွှေတောင် ရပ်ကွက်မှာ လောင်တာ ၊ ပုပ္ပါး ဆေးခန်း အဆင်းလို့ ခေါ်တယ်။ ဖုန်းဆိုင် ကနေ စလောင်နေတယ်။ အခု အိမ် နှစ်လုံး ပါသွားပြီ။ အိမ်ပူးအိမ်ညှက်တွေ များတယ်။ စိန်ပန်း ရပ်ကွက် ရုံး ရဲ့ တစ်လမ်းကျော် နားလေးပဲ ဖြစ်တာပါ။”ဟု သွားရောက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ရွှေတောင်ရပ်ကွက်တွင် ညအချိန် နေအိမ် မီးလောင်မှု ဖြစ်ပွား
Apr 09 • 1:59 AM
Myanmar
Shan
Share
| 10 | 0 | 0 | 0 |


