back

မွန်ပြည်နယ်၌ ကြိုတင်အသိပေးခြင်းမရှိဘဲ မီတာကြေးတက်ကာကောက်ခံခဲ့သဖြင့် သုံးစွဲသူများ အခက်အခဲဖြစ်နေ

Apr 09 • 1:21 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၌ ကြိုတင်အသိပေးခြင်းမရှိဘဲ မီတာကြေးတက်ကာကောက်ခံခဲ့သဖြင့် သုံးစွဲသူများ အခက်အခဲဖြစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလုပ်ငန်းအချို့ ကြိုတင်အသိပေးခြင်းမရှိဘဲ မီတာခတစ်ယူနစ် ၇,၅၀၀ ကျပ်အထိ ကောက်ခံနေသဖြင့် သုံးစွဲသူများ ငွေကြေးန...

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလုပ်ငန်းအချို့ ကြိုတင်အသိပေးခြင်းမရှိဘဲ မီတာခတစ်ယူနစ် ၇,၅၀၀ ကျပ်အထိ ကောက်ခံနေသဖြင့် သုံးစွဲသူများ ငွေကြေးနစ်နာမှုရှိနေကြောင်း ရေးဒေသခံများက ပြောသည်။စက်သုံးဆီဝယ်ယူရရှိမှုအပေါ်မူတည်၍ ရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် SMD ကုမ္ပဏီနှင့် NYEDS ကုမ္ပဏီမှ မတ်လအတွင်း အသုံးပြုထားသည့် ဓာတ်အားခများကို ၃,၈၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံမည့်အပြင် လျှပ်စစ်မီးထုတ်လွှင့်ချိန်ကို လျော့ချသွားမည်ဟု သုံးစွဲသူများသို့ အသိပေးထားသည်။လက်ရှိ စက်သုံးဆီ အခက်အခဲကြောင့် ရေးမြို့နယ်ရှိ ကုမ္ပဏီလျှပ်စစ်မီနှင့် ကိုယ်ထူကိုယ်ထလျှပ်စစ်မီး အသုံးပြုသူများ တစ်ယူနစ် ၄,၀၀၀ မှ ကျပ်မှ ၇,၅၀၀ ကျပ်အထိ သုံးစွဲခ ပေးဆောင်လာရသည်။အာယုတောင်ဒေသခံအများစု မီးရရှိချိန် နည်းပါးလာသဖြင့် ငွေကြေးတတ်နိုင်သူဒေသခံများ လျှပ်စစ်မီးအစား ဆိုလာတပ်ဆင် အသုံးပြုသူ များလာနေကြောင်းလည်း သိရသည်။

news-view-count-icon

28