back

ကယားပြည်နယ်၊ရှားတောမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်တွေမှာ ကေးထျိုးဘိုးပွဲ ပြုလုပ်

Apr 09 • 1:17 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ရှားတောမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်တွေမှာ ကေးထျိုးဘိုးပွဲ ပြုလုပ်

ကယား (ကရင်နီ)ပြည်၊ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက မြို့ပေါ် ရပ်ကွက်တွေမှာ ကေးထျိုဘိုးပွဲတော်ကို ဧပြီလ ၅ ရက်နေ့ကနေ ယမန်နေ့ ဧပြီလ ၇ ရက်နေ့အထိ ၃ ရက်ကြာ က...

ကယား (ကရင်နီ)ပြည်၊ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက မြို့ပေါ် ရပ်ကွက်တွေမှာ ကေးထျိုဘိုးပွဲတော်ကို ဧပြီလ ၅ ရက်နေ့ကနေ ယမန်နေ့ ဧပြီလ ၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။၃ ရက်ကြာ ပြုလုပ်တဲ့ ပွဲအတွင်း တနေရာမှာတော့ ကေးထျိုးဘိုး တိုင်အသစ် စိုက်ထူခဲ့တယ်လို့လည်း ဆိုပါတယ်။ ကြက်ရိုးထိုးဗေဒင် မေးရာမှာ အဆင်ပြေကောင်းမွန်တာကို တွေ့ရှိရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ပွဲကျင်းပတဲ့ ရက်အတွင်း တိုင်ခုတ်ယူတာ၊ ကြက်ပူဇော်ပသတာ၊ တိုင်တော်ပြန်စိုက်ထူတာ၊ ရိုးရာ အကဖျော်ဖြေတာ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

news-view-count-icon

16