back

ဗန်းမော်မြို့နယ်တွင်ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့် ဇနီးဖြစ်သူနှင့် ကြံရာပါအမျိုးသားတို့ကို ထိရောက်မြန်ဆန်စွာအရေးယူရန် မိသားစုဝင်များလိုလား

Apr 08 • 4:45 PM

breaking-news

Myanmar

Sagaing

cover

ဗန်းမော်မြို့နယ်တွင်ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့် ဇနီးဖြစ်သူနှင့် ကြံရာပါအမျိုးသားတို့ကို ထိရောက်မြန်ဆန်စွာအရေးယူရန် မိသားစုဝင်များလိုလား

ဗန်းမော်မြို့နယ်၊ ကောင်ဂျာကျေးရွာတွင် ခင်ပွန်းဖြစ်သူကို သတ်ဖြတ်မီးရှို့ခဲ့သည့် ဇနီးဖြစ်သူနှင့် ကြံရာပါအမျိုးသားတို့ကို ထိရောက်လျင်မြန်စွာ အရေးယူပေးရန် မိသားစုမ...

ဗန်းမော်မြို့နယ်၊ ကောင်ဂျာကျေးရွာတွင် ခင်ပွန်းဖြစ်သူကို သတ်ဖြတ်မီးရှို့ခဲ့သည့် ဇနီးဖြစ်သူနှင့် ကြံရာပါအမျိုးသားတို့ကို ထိရောက်လျင်မြန်စွာ အရေးယူပေးရန် မိသားစုများကလိုလားနေကြသည်။ ကောင်ဂျာကျေးရွာနေ ဦးမရစ်မာလိုင်ဆိုသူကို သူ၏ဇနီးဖြစ်သူနှင့်ကြံရာပါအမျိုးသားတစ်ဦးတို့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် အလောင်းကိုမီးရှို့ဖျောက်ဖျက်ခဲ့ခြင်းဖြစ်ပြီး ရှစ်လခန့်ကြာမြင့်လာသော်လည်း အပြစ်ပေးအရေးယူနိုင်ခြင်းမရှိသေးသောကြောင့် ထိရောက်လျင်မြန်စွာအပြစ်ပေးအရေးယူရန် မျှော်လင့်သည်ဟု သတ်ဖြတ်ခံရသူ၏ မိသားစုဝင်တစ်ဦးကပြောသည်။သေဆုံးခဲ့သည့် အသက် ၇၂ နှစ်အရွယ် ဦးမရစ်မာလိုင်ဆိုသူပိုင်ဆိုင်သည့် ရွှေထည်နှင့် ဆက်စပ်ပစ္စည်း တစ်ပိဿာခန့်ရယူလိုမှုဖြင့် ကြံရာပါနှစ်ဦးက ပူးပေါင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။ ကြံရာပါအမျိုးသားမှာ ဒေါ်မခေါထုလိုင်၏ ခင်ပွန်းဟောင်းဖြစ်ပြီး ဦးမရစ်မာလိုင် စစ်ရှောင်နေသည့် ကောင်ဂျာကျေးရွာ၊ တောင်ယာတွင် တဲအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။ လူသတ်မှုကျူးလွန်သူနှစ်ဦးသည် အရက်တွင်မြက်သတ်ပေါင်းဆေးထည့်သွင်းပြီး လုပ်ကြံခဲ့ရုံသာမက အမျိုးသားဖြစ်သူကဖမ်းဆီးချုပ်နောင်ကာ ဇနီးဖြစ်သူက ဦးခေါင်းကိုဆယ်ချက်ခန့် ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း မိသားစုဝင်များနှင့် ဖြစ်စဉ်ကိုသိရှိသူများက ပြောသည်။ လူသတ်မှုကျူးလွန်ခဲ့သည့် ဇနီးဖြစ်သူ ဒေါ်မခေါထုလိုင်မှာ လူသတ်မှုကျူးလွန်ချိန်တွင် ဦးမရစ်မာလိုင်နှင့် ပေါင်းသင်းနေထိုင်သည်မှာ ရှစ်လခန့်သာရှိသေးသည်ဟု မိသားစုဝင်များကဆိုသည်။ 



news-view-count-icon

26