back

ကမ္ဘောဒီးယားတွင် အမျိုးသားတစ်ဦးမှ ဇနီးဟောင်းအား သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ

Apr 08 • 4:31 PM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားတွင် အမျိုးသားတစ်ဦးမှ ဇနီးဟောင်းအား သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ

ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါင်ချမ်ပြည်နယ် လူစည်ကားရာ ဈေးတစ်ခုတွင် ဧပြီလ ၇ ရက် ယမန်နေ့က အမျိုးသားတစ်ဦးမှ ဇနီးဟောင်းအား သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်...

ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါင်ချမ်ပြည်နယ် လူစည်ကားရာ ဈေးတစ်ခုတွင် ဧပြီလ ၇ ရက် ယမန်နေ့က အမျိုးသားတစ်ဦးမှ ဇနီးဟောင်းအား သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ ချောင်ကြိုခရိုင်၊ ဆိုတီမြို့နယ် စကန်ဈေးတွင် အင်္ဂါနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၄၉ နှစ် အရွယ် ဒပ်ဆိုချက်က သေနတ်ကိုင်ဆောင်ကာ ဈေးရောင်းချနေတဲ့ ဇနီးဖြစ်သူ နမ်ဆာရမ် (၄၂) နှစ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ သတင်းရင်းမြစ်များ အဆိုအရ ၎င်းတို့စုံတွဲသည် ယခုနှစ် ဖေဖော်ဝါရီတွင် လက်ထပ်ခဲ့ပြီး တစ်လအလိုတွင် ကွာရှင်းခဲ့ကြောင်း သိရသည်။ 





news-view-count-icon

2