ခန္တီးမြို့မဟာသင်္ကြန်ပွဲတော်စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိ

Apr 08 • 8:29 AM

breaking-news

Myanmar

Sagaing

cover

ခန္တီးမြို့မဟာသင်္ကြန်ပွဲတော်စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိ

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတို င်းဒေသကြီး၊ ခန္တီးမြို့တွင် စည်ကားစွာကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ခန္တီးမြို့ ကမ...

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတို င်းဒေသကြီး၊ ခန္တီးမြို့တွင် စည်ကားစွာကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ခန္တီးမြို့ ကမ်းနားလမ်းတွင် ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို တည်ဆောက်လျက်ရှိပြီး ကမ်းနားလမ်း တလျှောက်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။လမ်းလျောက်သင်္ကြန်ကို နံနက် (၉) နာရီမှ (၁၂) နာရီအထိနှင့်ညနေ (၃) နာရီမှ (၆) နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် အကအလှယိမ်းအဖွဲ့များ ကပြဖျော်‌‌ဖြေခြင်းနှင့်အတူ စတုဒီသာများကျွေးမွေးရန် စီစဉ်ထားကြောင်း သိရသည်။ခန္တီးမြို့ မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအသီးသီးဖွဲ့စည်းထားရှိပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

11