အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

Apr 08 • 8:25 AM

breaking-news

Myanmar

Mandalay

cover

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၃၆)၊ ၇၈ လမ်း (၈ လမ်းနှင့...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၃၆)၊ ၇၈ လမ်း (၈ လမ်းနှင့် ၉ လမ်းကြား) ၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုသတင်းအရ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ချက်ချင်းထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

10