ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းရွာတွင် အသုံးများသည့် Mytel တာဝါတိုင်မှာ ယခင်က ပျက်စီးခဲ့သဖြင့် လာရောက်ပြင်ဆင်ပေးခဲ့ဖူးသော်လည်း ယခုအခါ လိုင်းများပြန်လည်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ယခင်က MPT ဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆို၍ရနေသော်လည် ယမန်နေ့ ဧပြီ ၇ ရက် နံနက်ပိုင်းမှစတင်ကာ MPT နှင့် Mytel အော်ပရေတာ နှစ်ခုစလုံးမှာ ဖုန်းခေါ်ဆို၍ပင် မရတော့ကြောင်း သိရသည်."အတန်းတက်ဖို့အတွက်တောင် ၃ နေရာလောက် ပြေးနေရတာ။ ရွာမှာမီးကလည်း ပုံမှန်မလာဘူး။ ဟိုနေ့က မိုးရွာ၊ မိုးသီးတွေပါ ပါတော့ မီးကြိုးတွေပြတ်ကုန်တယ်။ နိုင်ငံရေးအခြေအနေကြောင့်လား၊ မီးအားမနိုင်လို့လားတော့ အတိအကျမသိဘူး" ဟု ၎င်းက ဆက်ပြောသည်။အင်တာနက်လိုင်းမရသည့်အတွက် အွန်လိုင်းမှအလုပ်လုပ်သူများ၊ သင်တန်းတက်သူများ အခက်အခဲများကြုံတွေ့နေရသလို သဘာဝဘေးအန္တရာယ် အသိပေးချက်ကိုလည်း အချိန်မှီမသိရှိနိုင်တော့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ရွာငံမြို့ သိမ်ကုန်းရွာတွင် ဖုန်းနှင့် မီးလိုင်းများပြတ်တောက်နေသဖြင့် ဆက်သွယ်ရေးအခက်အခဲကြုံတွေ့နေ
Apr 08 • 7:06 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


