back

မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ လူညပ်နေသူအား ကယ်ဆယ်ပို့ဆောင်

Apr 08 • 5:42 AM

breaking-news

Myanmar

Yangon

cover

မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ လူညပ်နေသူအား ကယ်ဆယ်ပို့ဆောင်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၇ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးရှိ အမှတ် (၃) မီးပွိုင့်၌ ယာဉ်တိုက်မှုဖ...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၇ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးရှိ အမှတ် (၃) မီးပွိုင့်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် အသက်အန္တရာယ်မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့သည့် အမျိုးသားယာဉ်မောင်းတစ်ဦးအား ကြယ်စင်မေတ္တာပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

18