ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်များကျင်းပမည်

Apr 08 • 5:36 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်များကျင်းပမည်

လာမည့် ရက်ပိုင်းအတွင်းကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြော...

လာမည့် ရက်ပိုင်းအတွင်းကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။လမ်းလျှောက်သင်္ကြန်များကို တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မဈေးကြီးရှေ့၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာ အပန်း ဖြေဥယျာဉ်ရှေ့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလလမ်းနှင့် ကုန် သည်လမ်းကြား မဟာဗန္ဓုလပန်းခြံလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ပတ်လမ်း၊ သိမ်ဖြူလမ်းထိပ်မှ ဦးအောင်မြတ်လမ်းထိပ်အထိ၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအ ဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိတို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15