ဟိုက်ဒရိုဂျင်လောင်စာသုံး အင်ဂျင်တပ်ဆင်ထားသည့် တရုတ်ကုန်တင်လေယာဉ်တစ်စင်းသည် ၎င်း၏ ပထမဆုံးသော စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလေကြောင်းကဏ္ဍအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။အလေးချိန် ၇.၅ တန်ရှိသော အဆိုပါ လူမဲ့မောင်းနှင်သည့် လေယာဉ်တွင် စွမ်းအင် ၁ မဂ္ဂါဝပ်ကျော် ထုတ်လွှတ်နိုင်သည့် ကမ္ဘာ့အစွမ်းထက်ဆုံး ဟိုက်ဒရိုဂျင် တာဗိုပရော့အင်ဂျင်ကို တပ်ဆင်ထားခြင်း ဖြစ်သည်။စနေနေ့က ပြုလုပ်ခဲ့သည့် ၁၆ မိနစ်ကြာ စမ်းသပ်ပျံသန်းမှုတစ်လျှောက်တွင် အင်ဂျင်သည် ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့ပြီး ကောင်းမွန်သောအခြေအနေတွင်ရှိနေကြောင်း အဆိုပါအင်ဂျင်ကို ထုတ်လုပ်သည့် Aero Engine Corporation of China (AECC) ကို ကိုးကား၍ ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
Apr 08 • 4:59 AM
China
Local News
Share
| 8 | 0 | 0 | 0 |


