ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယမန်နေ့မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်အချိန် ၂၁၂ တပ်ရှေ့ ဖရဲငွေတောင်သို့ သွားရာ လမ်းကြားအတွင်းတွင် ဆိုင်ကယ်တစ်စီး မောင်းပြေးခံရမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။"အသိသူငယ်ချင်းအိမ်မှာ အရမ်းတော့မရင်းနှီးဘူး၊ စီးကြည့်မယ်ဘာညာ ဆိုပြီး မောင်းပြေးသွားတာ၊ ဝယ်ထားတာ တစ်ပတ် လောက်ပဲရှိသေးတယ်" ဟု ဆိုင်ကယ် ပျောက်ဆုံးသူမှ ပြောသည်။အသိမိတ်ဆွမှတဆင့် သိရှိသူတစ်ဦးက ဆိုင်ကယ်အား “စမ်းစီးကြည့်မယ်” ဟု ဆိုကာ ယူဆောင်သွားပြီးနောက် ပြန်လည် မပေးအပ်ဘဲ မောင်းပြေးသွားခဲ့ကြောင်း သိရှိရသည်။မောင်းပြေးခံရသော ဆိုင်ကယ်မှာ NZN Click 160 (နောက်ဆုံးမော်ဒယ်) ဖြစ်ပြီး Frame Number – 00337၊ Engine Number – 00337၊ ယာယီနံပါတ်ပြား – 0337 ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဆိုင်ကယ်မှာ ဝယ်ယူထားသည်မှာ တစ်ပတ်ခန့်သာရှိသေးပြီး ကီလိုမီတာ ၂၄၀ ခန့်သာ အသုံးပြုထားသော အသစ်နီးပါး အခြေအနေရှိကြောင်း သိရသည်။ဆိုင်ကယ်နှင့်အတူ ဝယ်ယူဘောင်ချာများနှင့် စာရွက်စာတမ်းများလည်း ပါသွားခဲ့ပြီး ဆိုင်ကယ်၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၇၀ ဝန်းကျင်ရှိကြောင်း သိရသည်။
| 25 | 0 | 0 | 0 |


