ဧရာ၀တီတိုင်း ပုသိမ်မြို့ဆီဆိုင်တွေမှာ QR ကုတ်နဲ့ ဆီတွေ စဖြည့်နေကြရပြီ ဖြစ်ပေမယ့် လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေနဲ့ လိုင်စင်ရှိပေမယ့် QR ကို Scan ဖတ်မရတဲ့ ဆိုင်ကယ်တွေ အများစု ရှိနေပြီး အဲဒီ ဆိုင်ကယ်တွေဟာ ဆီမဖြည့် ရဖြစ်နေကြပါတယ်။“ဆိုင်ကယ်အများစုဗျ ဆီဖြည့်မရတာ။ ဆီဆိုင်မှာ ဖြည့်မရတော့ အရေးအကြောင်း သွားဖို့လိုရင် ရပ်ကွက်ဆီဆိုင်က မှောင်ခိုဝယ်ရတယ်။ တလီတာ တသောင်းနဲ့။ ဆိုင်ကယ်အကုန်လုံး ဖြည့်လို့ရအောင် လုပ်ရမယ်။ မဟုတ်ရင် မှောင်ခိုစျေးကလည်း ရှိနေမှာပဲ” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။အဲဒီ QR ကုတ်နဲ့ ဆီဖြည့်ပေးတဲ့စနစ်ကို ဧပြီလ ၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး QR ကုတ်စနစ်နဲ့ ဆီဖြည့်ရတယ် ဆိုပေမယ့် အရင်တုန်းကလိုမျိုး စုံ၊ မ ခွဲပြီး တန်းစီ၊ ဆီဖြည့်နေကြရသေးတာပါ။ ဆီဖြည့်ဖို့ လာတန်းစီးကြသူတွေ အများအပြားရှိပြီး Scan ဖတ်မရသူတွေဟာ ဆီမရဘဲ ပြန်သွားကြရတာ ဖြစ်ပါတယ်။Scan ဖတ်မရလို့ ဆီမဖြည့်ကြရသူတွေအပြင် Scan ဖတ်လို့ရပေမယ့် ဆီဆိုင်မှာ ဆီမရှိတော့တာမို့ ဆီမဖြည့်ဘဲ ပြန်လှည့်လာကြရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၌ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေနဲ့ လိုင်စင်ရှိပေမယ့် QR ကို Scan ဖတ်မရတဲ့ ဆိုင်ကယ်တွေ အများစု ရှိနေ
Apr 08 • 2:32 AM
Myanmar
Ayeyarwady
Share
| 17 | 0 | 0 | 0 |


