back

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို လာရောက်လေ့လာသူ ၂၀၀ ကျော်ရှိ

Apr 08 • 1:30 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို လာရောက်လေ့လာသူ ၂၀၀ ကျော်ရှိ

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီလ ၇ ရက် မနက် ၁၁ နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးကို လာရောက်လေ့လာသူ အယောက...


တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီလ ၇ ရက် မနက် ၁၁ နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးကို လာရောက်လေ့လာသူ အယောက် ၂၀၀ ကျော် ရှိခဲ့ပါတယ်။ယမန်နေ့ကျင်းပတဲ့လွှတ်တော်အစည်းအဝေးကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေက တိုင်းရင်းသားလူငယ်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်တွေနဲ့ လူငယ်တွေ စုစုပေါင်း ၂၀၀ ကျော် လာရောက်လေ့လာခဲ့ကြပါတယ်။ အခုလို လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေကို လေ့လာခွင့်ရတာဟာ နောင်တစ်ချိန်မှာ ရွေးကောက်ပွဲဝင်နိုင်ဖို့ အားရသလို လူငယ်တွေအတွက် ကြိုးစားခွင့်နဲ့ အခွင့်အလမ်းတွေရရှိနိုင်မယ်လို့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးရဲထက်ပိုင်က ပြောပါတယ်။

news-view-count-icon

24