back

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များထုတ်ပြန်

Apr 07 • 6:47 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များထုတ်ပြန်

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် တန်ခူးလဆုတ် (၁၂) ရက်နေ့မှ ကဆုန်လဆန်း (၁) ရက်နေ့အထိ (၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာ...

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် တန်ခူးလဆုတ် (၁၂) ရက်နေ့မှ ကဆုန်လဆန်း (၁) ရက်နေ့အထိ (၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများအနေဖြင့် မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူး စည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်းမပြုရန်၊ မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မောင်းခြင်းမပြုရန်၊ ယာဉ်နံပါတ်ပြားမပါရှိဘဲ မောင်းနှင် ခြင်းမပြုရန်၊ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များ တပ်ဆင် မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင် ခြင်းမပြုရရန်

တို့ပါဝင်ပါတယ်။

news-view-count-icon

30