မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်ရှိ အကွက်အမှတ် (၅၁) တွင် မီးဘေးလုံခြုံရေးအတွက် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအဖွဲ့သည် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အပြင် ပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း "191 Report Application" ကို ထည့်သွင်းပေးကာ အရေးပေါ်အခြေအနေတွင် အသုံးပြုပုံများကိုပါ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အောင်မြေသာစံမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် 191 Report App အသုံးပြုနည်းများ ကွင်းဆင်းအသိပညာပေး
Apr 07 • 6:41 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


