back

မန်ယူနိုက်တက်အတွက် လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဒေါ်ဂူ ပြန်ကစားနိုင်တော့မယ်

Apr 07 • 6:08 AM

breaking-news

Myanmar

International

cover

မန်ယူနိုက်တက်အတွက် လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဒေါ်ဂူ ပြန်ကစားနိုင်တော့မယ်

မန်ယူနိုက်တက်နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဒေါ်ဂူတို့ဟာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ဒီကစားသမားနှစ်ဦးကို အခုတစ်ပတ် ဒဗ္ဗလင်မှာ သွာ...

မန်ယူနိုက်တက်နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဒေါ်ဂူတို့ဟာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ဒီကစားသမားနှစ်ဦးကို အခုတစ်ပတ် ဒဗ္ဗလင်မှာ သွားရောက်ပြုလုပ်တဲ့ အသင်းလေ့ကျင့်ရေးစခန်းဆီ နည်းပြ ကာရစ်က အသင်းလူစာရင်းနဲ့အတူ ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်။မာတီနက်ဇ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာနဲ့ အသင်းပွဲစဉ် ငါးပွဲအထိ လွဲချော်ခဲ့တာပါ။မန်ယူနိုက်တက်အသင်းက လာမယ့် ဧပြီလ ၁၃ ရက် အိုးလ်ထရက်ဖို့ဒ်မှာကစားရမယ့် လိဒ်စ်အသင်းနဲ့ပွဲအမီ မာတီနက်ဇ်ကို ကြံ့ခိုင်မှုပြည့်ဝဖို့ မျှော်လင့်နေပါတယ်။လိဒ်စ်နဲ့ပွဲမှာ နောက်ခံလူ မက်ဂွိုင်းရား ဘုန်းမောက်နဲ့ပွဲက အနီကတ်ကြောင့် ပွဲပယ်ခံထားရလို့ မာတီနက်ဇ် ပြန်ကစားနိုင်ဖို့ရှိတာ အသင်းအတွက် သတင်းကောင်းပါပဲ။၎င်းဟာ မြက်ခင်းပေါ်မှာ လေ့ကျင့်ခန်း ပြန်လုပ်နေပြီး ဒဗ္ဗလင်ခရီးစဉ်မှာ ဒဏ်ရာပျောက်ကင်းဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။


news-view-count-icon

20