ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များတွင် လူသတ်မှု၊ ဓားပြမှုနှင့် လုယက်မှုအပါအဝင် အမှုပေါင်း ၁၁ မှုကို ဦးဆောင်ကျူးလွန်ခဲ့သည့် ဂိုဏ်းစတား တရားခံ မောရှည် (ခ) အားခီ (ခ) သားသား (ခ) အောင်မျိုး (ခ) ကေတီယိုအား လားရှိုးခရိုင်တရားရုံးက ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၂၂ နှစ်နှင့် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ အဆိုပါ တရားခံသည် လားရှိုး၊ မိုင်းရယ်၊ မိုင်းရှူးနှင့် မူဆယ်မြို့တို့တွင် ရွှေဆိုင်များ ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းနှင့် လက်နက်တရားမဝင် ကိုင်ဆောင်ခြင်း စသည့် ပြစ်မှုများကို မတူညီသော အချိန်နှင့် နေရာများ၌ ကျူးလွန်ခဲ့ခြင်းကြောင့် အမှုတစ်ခုချင်းစီအလိုက် သီးခြားစီ ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သည့် ဂိုဏ်းခေါင်းဆောင်အား ထောင်ဒဏ် ၁၂၂ နှစ်ကျော် ချမှတ်
Apr 07 • 6:04 AM
Myanmar
Shan
Share
| 22 | 0 | 0 | 0 |


