မိုးညှင်းခရိုင် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်မှု (၇) ရက်မြောက်နေ့တွင် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေ

Apr 07 • 5:56 AM

breaking-news

Myanmar

Kachin

cover

မိုးညှင်းခရိုင် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်မှု (၇) ရက်မြောက်နေ့တွင် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းမြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ (၇) ရက်တိုင်ရှိလာပြီဖြစ်ရာ ယနေ့ ၂၀၂၆ ခုနှစ...

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းမြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ (၇) ရက်တိုင်ရှိလာပြီဖြစ်ရာ ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဓာတ်အားလိုင်းပြုပြင်ရေးအဖွဲ့များက အပြီးသတ်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင် ရာသီဥတုမှာ မိုးအုံ့နေသဖြင့် နေပူရှိန်သက်သာသောကြောင့် လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများအတွက် အဆင်ပြေချောမွေ့လျက်ရှိပြီး၊ စီမံချက်အရ လိုင်းကြိုးများ ပြန်လည်ချိတ်ဆွဲခြင်းနှင့် ကြိုးအနိမ့်အမြင့်ညှိခြင်း (Sagging) လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ မျှော်လင့်နေသည့် လျှပ်စစ်မီးကို ယနေ့ညတွင် အမြန်ဆုံးပြန်လည်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း 

သိရှိရပါသည်။

news-view-count-icon

14