ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာထုတ်ကုန်များ၊ လက်မှုပညာရပ်များနှင့် အစားအစာများကို ခင်းကျင်းပြသသည့် "ချင်းမိုင်တိုင်းရင်းသားဈေးရောင်းပွဲတော်" ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ချင်းမိုင်မြို့ရှိ Lan Din Cafe ၌ (၄) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သည် မြန်မာ့ရိုးရာသင်္ကြန်နှင့် ထိုင်းရိုးရာဆုန်ကရမ်ကာလ မတိုင်မီ နှစ်နိုင်ငံကြား တူညီသော ယဉ်ကျေးမှုများကို ဖော်ထုတ်ရန်နှင့် မတူကွဲပြားသည့် လူမှုအသိုက်အဝန်းကြား ပေါင်းစည်းပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပွဲတော်အတွင်း ချင်းမိုင်ရောက် မြန်မာတက္ကသိုလ်ကျောင်းသူလေးများက မြန်မာ့ရိုးရာသင်္ကြန်အကဖြင့် ဖျော်ဖြေခဲ့ကြသလို၊ ထိုင်းမြောက်ပိုင်း လန်နားဒေသရိုးရာ သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Apr 07 • 5:54 AM
Thailand
Local News
Share
| 23 | 0 | 0 | 0 |


