back

အာဆင်နယ်အသင်းမှာ ကစားသမား လေးဦးခန့် ပါဝင်နိုင်ဖွယ်မရှိ

Apr 07 • 5:51 AM

breaking-news

Myanmar

International

cover

အာဆင်နယ်အသင်းမှာ ကစားသမား လေးဦးခန့် ပါဝင်နိုင်ဖွယ်မရှိ

အာဆင်နယ်အသင်းသည် ယနေ့ကစားမည့် စပို့တင်းလစ္စဘွန်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အဓိကကစားသမား ၄ ဦးခန့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။ အသ...

အာဆင်နယ်အသင်းသည် ယနေ့ကစားမည့် စပို့တင်းလစ္စဘွန်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အဓိကကစားသမား ၄ ဦးခန့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။ အသင်း၏ အဓိကတိုက်စစ်ကစားသမား ဆာကာ အပါအဝင် တင်ဘာ၊ အက်ဇယ်နှင့် ဟင်ကာပိုင်တို့မှာ ဒဏ်ရာပြဿနာများကြောင့် အဝေးကွင်းခရီးစဉ်သို့ လိုက်ပါသွားခြင်းမရှိဘဲ ယခုပွဲစဉ်ကို လွဲချော်ကြမည်ဖြစ်သည်။

သို့သော် နည်းပြအာတေတာက ဂါဘရီယဲလ်၊ ဒက်ကလန်ရိုက်စ်နှင့် ထရိုဆတ်ဒ်တို့မှာမူ ပွဲထွက်ကစားနိုင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အာဆင်နယ်အသင်းသည် ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခုစလုံးမှ ထွက်ခွာခဲ့ရသဖြင့် ဖိအားအနည်းငယ်ရှိနေသော်လည်း၊ ပရီးမီးယားလိဂ်တွင် မန်စီးတီးကို ၉ မှတ်ဖြတ်ကာ ဇယားထိပ်၌ ရပ်တည်နေသကဲ့သို့ ချန်ပီယံလိဂ်တွင်လည်း ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်သဖြင့် လက်ကျန်ဖလားကြီးနှစ်လုံးအတွက် အခြေအနေကောင်းမွန်နေကြောင်း သိရှိရပါသည်။

news-view-count-icon

19