စစ်ကိုင်းတိုင်း ၊ ကသာမြို့တွင်းကို အစိုးရဘက်က ထိန်းချုပ်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်မှုရှိလာတဲ့အတွက် နေရပ်စွန့်ခွာခဲ့ရသူများ မြို့တွင်းကို ပြန်လည် ဝင်ရောက်မှု ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ ကသာကို ရေလမ်းကြောင်းတခုတည်းကနေ ပြန်လည်ဝင်ရောက်နိုင်သေးတာ ဖြစ်ကြောင်း ၊ ရေကြောင်းကနေ ဝင်ရောက်လာသူတွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေကို ရဲတပ်ဖွဲ့ ၊ထွေအုပ်အပါ ဌာနဆိုင်ရာတွေက ဆိပ်ကမ်းမှာ စိစစ်ပြီး စားရင်းပြုစုလက်ခံနေတယ်လို့သိရပါတယ်။ လုံခြုံရေးအရ ပုလွှေရွှေဆိပ်ကမ်း နဲ့ ကသာဆိပ်ကမ်းကနေ ဝင်လာတဲ့ပစ္စည်းတွေကို စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်တာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ 
စစ်ကိုင်းတိုင်း၊ကသာတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများ ပြန်လည်ဝင်ရောက်လာပြီမို့ ဌာနဆိုင်ရာက စိစစ်လက်ခံနေ
Apr 07 • 4:04 AM
Myanmar
Sagaing
Share
| 14 | 0 | 0 | 0 |


