back

ရခိုင််ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာမှာ ရေကန်တွေခမ်းခြောက်သွားပြီဖြစ်တဲ့အတွက် ရေအကူအညီ လိုအပ်နေ

Apr 07 • 3:10 AM

breaking-news

Myanmar

Rakhine

cover

ရခိုင််ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာမှာ ရေကန်တွေခမ်းခြောက်သွားပြီဖြစ်တဲ့အတွက် ရေအကူအညီ လိုအပ်နေ

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာမှာ နွေရာသီနဲ့ အတူ ရေရှားနေတဲ့အတွက် ရေအကူအညီ လိုအပ်နေ ရေကန်တွေ ရေခမ်းခြောက်သွားပြီဖြစ်တဲ့အတွက် သောက်သုံးရေအကူအညီ လ...

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာမှာ နွေရာသီနဲ့ အတူ ရေရှားနေတဲ့အတွက် ရေအကူအညီ လိုအပ်နေ ရေကန်တွေ ရေခမ်းခြောက်သွားပြီဖြစ်တဲ့အတွက် သောက်သုံးရေအကူအညီ လိုအပ်နေတယ်လို့ ဒေသခံ ရွာသားတွေက ဆက်သွယ် ပြောကြားလာပါတယ်။ ဒီပါရုံရွာမှာ ရေကန်တွေကို ယခင် ရွာသားတွေအနေနဲ့ မိုးရာသီအစပိုင်းထိ အလုံအလောက် အသုံးပြုနိုင်ခဲ့ပေမဲ့ လက်ရှိမှာ နေရပ်စွန့်ခွာခဲ့ရသူများပါ ရောက်ရှိလာပြီး အသုံးပြုလာတာကြောင့် ရွာမှာရှိနေတဲ့ သောက်ရေကန်တွေ အကုန်လုံး ခမ်းခြောက်ကုန်ပြီလို့ သိရပါတယ်။ ရွာမှာ ရေရရှိရေး အလွန်အခက်ကြုံနေကြတဲ့အတွက် တတ်နိုင်တဲ့ဘက်က ကူညီကြဖို့ကို မေတ္တာရပ်ခံလိုပါတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

news-view-count-icon

14