စက်သုံးဆီရှားပါးမှုကြောင့် ပြည်တွင်း အဝေးပြေးကားလက်မှတ်များ ဈေးနှုန်းမြင့်တက်လာပြီး သင်္ကြန်အလုပ်ပိတ်ရက် နေရပ်ပြန်မယ့် အထည်ချုပ်စက်ရုံဝန်ထမ်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။စက်သုံးဆီရှားပါးမှုမဖြစ်ခင်က ရန်ကုန်ကနေ ပခုက္ကူကို ကားခ ၂၈,၀၀၀ ရှိရာမှ အခု ၅၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ နေရပ်ကိုမပြန်နိုင်သူ အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။"နှစ်တိုင်းအိမ်ပြန်နေကြ၊ ဒီနှစ်ကားခက နှစ်ဆ သုံးဆလောက်တက်သွားတော့ မောင်နှမတွေ အိမ်မပြန်ဖြစ်ဘူး။ ပိုက်ဆံပဲ အိမ်ကို လွှဲပေးလိုက်တယ်။ ကိုယ်တွေလိုပဲ သင်္ကြန်ပိတ်ရက်မပြန်ရတဲ့သူတွေ များတယ်" လို့ ပြောပါတယ်။ကားလက်မှတ်ဈေးတက်လာတာကြောင့် ခရီးသည်တွေဘက် အဆင်မပြေသလို ယာဉ်လိုင်းတွေဘက်ကလည်း စက်သုံးဆီပုံမှန်မရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ရှင်းပြပါတယ်။
Apr 07 • 3:09 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


