DR ကွန်ဂိုအသင်းက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် တစ်ဦးကို အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်လို့ သိရပါတယ်။DR ကွန်ဂိုနိုင်ငံရဲ့ သမ္မတ ရှီဆီကေဒီက အခုလိုမျိုး ထူးခြားတဲ့ ဆုချီးမြှင့်မှု ပြုလုပ်သွားမှာဖြစ်ကြောင်း ဂုဏ်ပြုပွဲအခမ်းအနားမှာ အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး မီဒီယာတွေရဲ့ ဆုကြေးနဲ့ပတ်သက်တဲ့ ဖော်ပြမှုမှာ ကွဲလွဲချက်အနည်းငယ်တော့ ရှိခဲ့ပါတယ်။တချို့မီဒီယာတွေက အိမ်တစ်လုံးလို့ ဖော်ပြခဲ့ပေမဲ့ တချို့မီဒီယာတွေက မြေကွက်တစ်ကွက်လို့ ဖော်ပြခဲ့တာပါ။DR ကွန်ဂိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၄ ခုနှစ်က တစ်ကြိမ်ယှဉ်ပြိုင်ခဲ့ပြီးနောက် နှစ်ပေါင်း(၅၂)နှစ်ကြာမှ ဒုတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာကြောင့် ကစားသမားတွေနဲ့ နည်းပြအဖွဲ့ကို သူမတူတဲ့ ဆုချီးမြှင့်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး သမ္မတ ရှီဆီကေဒီက အခုကစပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်ယှဉ်ပြိုင်သွားနိုင်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမည်ဟုဆို
Apr 07 • 3:04 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


