ဧပြီ ၃ ရက်နေ့ မနက် ၉ နာရီခန့်က ထုံးဘိုအုပ်စု၊ တဲကြီးကုန်း ကျေးရွာအနီး၊ ထုံးဘို - အကောက်တောင် ဘုရားသွားလမ်းပေါ်မှာရှိတဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအစပ် ချောင်းကူးတံတားထိပ်မှာ သုံးဘီးတစီး တိမ်းမှောက်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။သုံးဘီးယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ လှဇော်ဦး မှာ ပါးတခြမ်းနာကျဥ် ဒဏ်ရာရခဲ့ပြီး ယာဥ်နောက်မှာပါလာတဲ့ ခရီးသယ် ၁၃ ဦးထဲက အမျိုးသား ၁ ဦး သေဆုံးကာ ကျန်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ယာဥ်တိမ်းမှောက်မှုကြောင် ကံရွာကျေးရွာက လိုက်ပါလာကြတဲ့ ခရီးသယ် ၁၃ ဦးထဲက အသက် ၃၅ နှစ်အရွယ် ရန်မျိုးအောင် ဟာ အတွင်းဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ယာဥ်မောင်းဖြစ်သူ ဦးလှဇော်ဦးကို ထုံးဘို နယ်မြေရဲစခန်းက ယာဥ် (ပ) ၁ /၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ - ၃၀၄ - က/၃၃၈/၃၃၇ နဲ့ အမှုဖွင့် ဖမ်းစီးထားတယ်လို့ သိရပါတယ်။



